General Donation

  • Home
  • General Donation
AA MEDICAL PRODUCTS LTD.,၊ AA MARKETING CO., LTD. နှင့် SUCCESS & SUCCESS INTERNATIONAL LIMITED ဝန်ထမ်းမိသားစုများ စုပေါင်းသွေးလှူဒါန်းပွဲ

AA MEDICAL PRODUCTS LTD.,၊ AA MARKETING CO., LTD. နှင့် SUCCESS & SUCCESS INTERNATIONAL LIMITED ဝန်ထမ်းမိသားစုများ စုပေါင်းသွေးလှူဒါန်းပွဲ

  • 13-08-2012
  • Admin
  • donation , blood
AA Medical Prodcuts Ltd., AA Marketing Co.,Ltd နှင့် Success & Success International Limited တို့မှ (၁၂.ဝ၈.၂ဝ၁၂) ရက်နေ့တွင် ရန်ကုန်မြို့တွင်လည်းကောင်း၊ (ဝ၁.ဝ၉.၂ဝ၁၂)ရက်နေ့တွင် မန္တလေးမြို့တွင် လည်းကောင်း မွန်မြတ်သော သွေးလှူဒါန်းပွဲများ ပြုလုပ်ခဲ့ကြပါသည်။ 

မန္တလေးမြို့ရှိ Blood Bank (သွေးဘဏ်)တွင် AA Medical Products Ltd., AA Marketing Co., Ltd နှင့် Success & Success International Limited ဝန်ထမ်းများ မိသားစု စုပေါင်းသွေးလှူဒါန်းပွဲတွင် ဗဟိုအမျိုးသမီးဆေးရုံ (Mandalay) မှ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ရွှေမှ အဖွင့်အမှာစကားကို လည်းကောင်း၊ သွေးလှူဘဏ်တာဝန်ခံ ရောဂါဗေဒ ဆရာဝန်ကြီး ပါမောက္ခဒေါက်တာဒေါ်ခင်မာဆွေမှ သွေးလှူဒါန်းခြင်းနှင့် စပ်လျဉ်းပြီး သိမှတ်ဖွယ်ရာများကို လည်းကောင်း၊ AA Medical Products Ltd. ကိုယ်စား Assistant General Manager ဦးစိုးထိုက်ဦးမှ သွေးလှူဒါန်းရခြင်း၏ ရည်ရွယ်ချက်ကိုလည်းကောင်း အသီးသီးပြောကြားခဲ့ကြပါသည်။ 

၎င်းနောက် Managing Director ဦးဇော်မိုးခိုင်နှင့် ဇနီး Director ဒေါက်တာစောနေနွယ် မိသားစုကိုယ်စား ဦးစိုးထိုက်ဦးမှ အလှူငွေကျပ်ငါးသိန်း(၅ဝဝ,ဝဝဝိ/)အား သွေးလှူဘဏ်တာဝန်ခံ ရောဂါဗေဒဆရာဝန်ကြီး ပါမောက္ခဒေါ်ခင်မာဆွေထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။