Covid-19 virus စစ်ဆေးနိုင်သော SARS-CoV-2 reagent ဆေးရည်များနှင့် ဆက်စပ်သုံးစွဲနိုင်သောအပိုပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း

Covid-19 virus စစ်ဆေးနိုင်သော SARS-CoV-2 reagent ဆေးရည်များနှင့် ဆက်စပ်သုံးစွဲနိုင်သောအပိုပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း

  • 27-04-2020
  • productmanager
  • donation , Roche , COVID19 , reagent , cobas 6800

▪️AA Medical Products Ltd. (Pacific-AA Group) သည် 1996 တွင်စတင်တည်ထောင်ခဲ့ပြီး၊ ကုမ္ပဏီမှတ်ပုံတင်အမှတ်-101103471 ဖြင့် ဝန်ထမ်း 1200 ကျော်ကို အလုပ်အကိုင်ပေးလျှက်ရှိသော (25)နှစ်နီးပါး သက်တမ်းရှိသည့် နိုင်ငံသားပိုင်လုပ်ငန်းဖြစ်ပါသည်။ ဆေးဝါး၊ ဆေးပစ္စည်း၊ Chevrolet Brand New ကား၊ အင်ဂျင်ဝိုင်များ တင်သွင်းဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းများကို လုပ်ကိုင်ခဲ့ရာမှ ယ္ခုဆိုလျှင် ဆေးဝါးထုတ်လုပ်သည့် စက်ရုံနှင့် အင်ဂျင်ဝိုင် ထုတ်လုပ်သည့် စက်ရုံကိုပါ ရန်ကုန်မြို့တွင် တည်ဆောက်ပြီး ဆေးဝါးနှင့် အင်ဂျင်ဝိုင်များ ထုတ်လုပ် ဖြန့်ချီလျှက် ရှိပါသည်။

▪️AA Medical Products Ltd. အနေဖြင့် နှစ်ပေါင်း 25 နှစ်နီးပါး အရည်အသွေးကောင်းမွန် စိတ်ချရသော ဆေးဝါးနှင့်ဆေးပစ္စည်းများကို မြန်မာနိုင်ငံရှိ ပြည်သူပြည်သား သန်းပေါင်းများစွာအတွက် ဖြန့်ချီပေးလျှက်ရှိပြီး၊ မြန်မာတစ်နိုင်ငံလုံးရှိ ဆေးရုံ၊ ဆေးခန်း၊ ဆေးဆိုင်ပေါင်း 20,000 ကျော်ကို ဝန်ဆောင်မှုများ ပေးလျှက်ရှိပါသည်။

▪️ကမ္ဘာတွင် COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားချိန်၌ ကမ္ဘာ့အကြီးဆုံး Medical Device ကုမ္မဏီတစ်ခုဖြစ်သည့် Roche Diagnostic မှ Covid-19 ရောဂါ ရှိမရှိ Automatic စနစ်ဖြင့် တိကျမြန်ဆန်စွာ စစ်ဆေးပေးနိုင်သော မြန်မာနိုင်ငံတွင်ရှိပြီးဖြစ်သည့် Roche Cobas 6800 Analyzer စက်များနှင့် တွဲဖက်သုံးစွဲရမည့် SARS-CoV-2 Reagent အသစ်ကိုတီထွင်နိုင်ခဲ့ပြီး US FDA တွင် ယခုလတ်တလော ၌ပင် မှတ်ပုံတင်ရရှိခဲ့သည့် သတင်းကောင်းသိရသည်နှင့်တပြိုင်နက် မြန်မာပြည်တွင် အသုံးပြုနိုင်ရန် AA Medical Products Ltd က ကြိုးစားခဲ့ရာ April လတွင် မြန်မာနိုင်ငံသို့ ပထမဆုံးရရှိနိုင်ရန် ဆောင်ရွက်နိုင်ခဲ့ပါသည်။

▪️တစ်ကမ္ဘာလုံး နိုင်ငံကြီးများက Roche ထံ လုယက်ဝယ်ယူနေကြချိန်၊ ခွဲတမ်းစနစ်ဖြင့်ရရန်ပင် ခက်ခဲနေချိန်၌ Japan, South Korea, Singapore အပါအဝင် ဖွံ့ဖြိုးပြီး နိုင်ငံများတို့ စတင်အသုံးပြု စစ်ဆေးနိုင်ချိန်နှင့်တပြိုင်နက် မြန်မာနိုင်ငံတွင်လည်း ခေတ်မနောက်ကျဘဲ၊ အချိန်နောက်မကျဘဲ ကိုယ့်တိုင်းပြည်နှင့် လူမျိုးအတွက် ရရှိအောင်ဆောင်ရွက်နိုင်လို့ ဝမ်းသာကြည်နူးမိပါသည်။ ▪️Automatic နည်းလမ်းဖြင့် တိကျမြန်ဆန်စွာ ရောဂါရှာဖွေနိုင်မည်ဖြစ်သဖြင့် ဓာတ်ခွဲခန်းမှ ဆရာဝန်များ၊ Microbiologist များ၊ ကျန်းမာရေးဝန်ထမ်းများ၏ risk များစွာ လျော့ကျမည် ဖြစ်သောကြောင့် ဝမ်းသာရပါသည်။

▪️2020, March လတွင် မြန်မာနိုင်ငံအတွက် COVID-19 ရောဂါပိုး ရှိမရှိစစ်ဆေးနိုင်သည့် Cobas 6800 ရောဂါရှာဖွေရေးစက်တစ်လုံးကို၎င်း၊ လူ(၁၁၀၀)ကျော် စစ်ဆေးနိုင်သော Cobas 6800 စက်နှင့် တွဲဖက်သုံးစွဲရသည့် SARS-CoV-2 reagent ရောဂါရှာဖွေရေးဆေးရည်ကို၎င်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမျိုးသားကျန်းမာရေးဓါတ်ခွဲခန်း (NHL) အတွက် လှူဒါန်းခဲ့သလို၊

▪️လူအယောက်(၁၀၀၀)စာ စစ်ဆေးနိုင်သော SARS-CoV-2 reagent ရောဂါရှာဖွေရေးဆေးရည်ကို တပ်မတော်ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး လက်အောက်ရှိ အမှတ်(၁)တပ်မတော် စစ်ဆေးရုံကြီး ခုတင်(၁၀၀၀) ရန်ကုန် နှင့် အမှတ်(၂) တပ်မတော် စစ်ဆေးရုံကြီး ခုတင်(၁၀၀၀) နေပြည်တော်တို့ အတွက်လည်း လှူဒါန်းခဲ့ပါသည်။

▪️ထိုလှူဒါန်းမှုများအတွက် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသို့ တင်သွင်းရန် မတ်လတွင်ပင် စတင်လုပ်ဆောင်ခဲ့ပါသည်။ ထို့နောက် NHL တွင် အဆိုပါ စက်ထားရန် Virology Lab အခန်း အဆင့်မြှင့်တင်ခြင်းကိုလည်း ဧပြီလ ပထမပတ်တွင် စတင်ဆောင်ရွက်ခဲ့ပါသည်။

▪️လှူဒါန်းခဲ့သော တန်ဖိုးများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

1. Automatic နည်းလမ်းဖြင့် တိကျမြန်ဆန်စွာ COVID-19 ရောဂါရှိမရှိ (၈)နာရီအတွင်း လူပေါင်း (၃၈၀) ကျော်၊ ၂၄ နာရီအတွင်း လူပေါင်း (၁၃၀၀) ကျော်အထိကို စစ်ဆေးနိုင်သော Cobas 6800 Analyser စက်တစ်လုံး (Made in Switzerland)၊

2. Cobas 6800 analyser စက်နှင့်တွဲဖက်၍ လူအယောက် (၁၁၀၀) ကျော် စစ်ဆေးနိုင်သည့် ရောဂါရှာဖွေရေးဆေးရည် Reagent (Made in USA)၊

3. အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်း (NHL) ၏ Virology Lab အဆင့်မြှင့်တင်မှု့ Computer Software System အပါအဝင်လှူဒါန်းခြင်း (lab renovations including Air corn & lab fixtures/fittings) အထက်ပါ(၃)မျိုးအတွက် လှူဒါန်းငွေကျပ် ၈၃၅,၂၀၀,၀၀၀/- (ကျပ်သိန်း ၈၃၅၂ သိန်း) 4. အမှတ်(၁) တပ်မတော်စစ်ဆေးရုံကြီး ခုတင် (၁၀၀၀) ရန်ကုန် နှင့် အမှတ်(၂) တပ်မတော် စစ်ဆေးရုံကြီး ခုတင်(၁၀၀၀) နေပြည်တော် တို့အတွက် လူအယောက်(၁၀၀၀)စာ စစ်ဆေးနိုင်သော ရောဂါရှာဖွေရေး ဆေးရည် Reagent (made in USA) နှင့် ဆက်စပ်ပစ္စည်းများ၊ Computer Software System များ ကျပ် ၄၂,၇၉၄,၀၁၀/- ဖြစ်ပါသည်။ ထို့ကြောင့် အထက်ပါ (၄)မျိုးအတွက် စုစုပေါင်း လှူဒါန်းငွေမှာ ကျပ် ၈၇၇,၉၉၄,၀၁၀/- (ကျပ်သိန်းပေါင်း ၈၇၇၉ သိန်းကျော်) ဖြစ်ပါသည်။

▪️ဧပြီလတွင် အထက်ပါ လှူဒါန်းထားသော စက်နှင့် reagent များအားလုံးကို US နိုင်ငံမှနေ၍ ဂျာမနီနိုင်ငံ Frankfurt လေဆိပ်မှတဆင့် Bangkok လေဆိပ်သို့တင်သွင်းခဲ့ပြီး၊ ပေ ၄၀ refrigerated container ၃ လုံးဖြင့် ဆက်လက်တင်သွင်းသယ်ဆောင်လာရာ ရန်ကုန်မြို့၊ အမျိုးသားကျန်းမာရေး ဓါတ်ခွဲခန်း (NHL) သို ၂၂.၄.၂၀၂၀ မနက် (၃:၃၀) နာရီတွင်၎င်း၊ အမှတ်(၁) တပ်မတော်စစ်ဆေးရုံ ခုတင်(၁၀၀၀) မင်္ဂလာဒုံသို့ ၂၂.၄.၂၀၂၀ မနက်(၉) နာရီတွင်၎င်း ရောက်ရှိခဲ့ပါသည်။

▪️NHL တွင် အဆိုပါစက်ထားမည့် lab အခန်း အဆင့်မြှင့်တင်ခြင်းလည်း ပြီးစီးပြီးဖြစ်၍ စက်တပ်ဆင်ခြင်း၊ test run လုပ်ခြင်းနှင့် live run လုပ်ခြင်းတို့ကို အဆင့်ဆင့် ဆောင်ရွက်နေပြီ ဖြစ်ပါသည်။

▪️Cobas 6800 Analyzer စက်သည် Hepatitis A, Hepatitis B, Hepatitis C, Hepatitis E, HIV, TB ရောဂါနှင့် သားအိမ်ခေါင်းကင်ဆာရောဂါကို ဖြစ်စေသော HPV ဗိုင်းရပ်စ်ပိုးတို့ကို စစ်ဆေးပေးနိုင် သော စက်ဖြစ်ပါသည်။ အထက်ပါရောဂါများကို ရှာဖွေရန် ထိုစက်ဖြင့် တွဲဖက်သုံးစွဲရသည့် ရောဂါရှာဖွေရေးဆေးရည် (reagent) အမျိုးမျိုးကို သိလိုသော ရောဂါအလိုက်ထည့်၍ ရောဂါရှာဖွေ နိုင်ပါသည်။

▪️အထူးသဖြင့် သွေးလှူဘဏ်များနှင့် ဆေးရုံကြီးများတွင် သွေးလှူဒါန်းသည့်လူများကို HIV, Hepatitis B ရောဂါနှင့် Hepatitis C ရောဂါပိုးရှိမရှိ စစ်ဆေးရာမှာ သုံးသည့်စက်ဖြစ်ပါသည်။ ရောဂါကင်းရှင်းသော၊ သန့်ရှင်းသော သွေးရရှိရန်အတွက် အသုံးပြုစစ်ဆေးသောစက်ဖြစ်ပါသည်။

▪️ထိုစက်သည် ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ အမျိုးသားသွေးလှူဘဏ် (ရန်ကုန်) တွင်၎င်း၊ အမှတ်(၁)တပ်မတော်စစ်ဆေးရုံကြီး ခုတင်(၁၀၀၀) ရန်ကုန်တွင်၎င်း၊ အမှတ်(၂)တပ်မတော် စစ်ဆေးရုံကြီး ခုတင်(၁၀၀၀) နေပြည်တော်တွင်၎င်း 2019 ခုနှစ်ကတည်းက တပ်ဆင်အသုံးပြု တည်ရှိ နေသောစက်ဖြစ်ပါသည်။ အထက်ဖေါ်ပြပါ ရောဂါများစစ်ဆေးသော ရောဂါရှာဖွေရေးဆေးရည် (reagent) များသည် COVID-19 ရောဂါပိုး ရှိမရှိ စစ်ဆေးနိုင်သော SARS-CoV-2 reagent နှင့်မတူပါ။ COVID-19 ကပ်ရောဂါ ဖြစ်လာချိန်တွင် Cobas 6800 စက်ကို တီထွင်သော ဆွစ်ဇာလန်အခြေစိုက် Roche Diagnostic Company ကပင် COVID-19 ရောဂါ ရှာဖွေရေးဆေးရည် SARS-CoV-2 ကို တီထွင်ခဲ့ပြီး US FDA တွင် 2020 မတ်လတွင်ပင် မှတ်ပုံတင်နိုင်ခဲ့ခြင်းဖြစ်ပါသည်။ ထိုအသစ် တီထွင်လိုက်သော COVID-19 ရောဂါရှာဖွေသည့် SARS-CoV-2 reagent အသစ်ကို မြန်မာနိုင်ငံတွင်ရှိပြီးသော Cobas 6800 analyser စက် (3)လုံး အပါအဝင် ယခု COVID-19 ကပ်ရောဂါကာလတွင် AA Medical Products Ltd (Pacific-AA Foundation)မှ NHL သို့ လှူဒါန်းခဲ့သော Cobas 6800 စက်တို့တွင် စစ်ဆေးနိုင်ရန်အတွက် Reagent များကို AA Medical Products Ltd. မှ Switzerland နိုင်ငံအခြေစိုက် Roche Diagnostic ကုမ္ပဏီထံမှ ဝယ်ယူတင်သွင်းလှူဒါန်းခဲ့ခြင်းဖြစ်ပါသည်။ ▪️ အထက်တွင်ရှင်းပြခဲ့သည့်အတိုင်း တပ်မတော်အနေဖြင့် သွေးလှူရှင်များထံမှ HIV, Hepatitis B ပိုး, Hepatitis C ပိုး ရှိမရှိကို အတည်ပြုစမ်းသပ်စစ်ဆေးနိုင်ရန်၊ သန့်ရှင်းသောသွေးရရှိရန် အတွက် အမှတ်(၁) တပ်မတော် စစ်ဆေးရုံကြီး ခုတင်(၁၀၀၀) ရန်ကုန်နှင့် အမှတ်(၂)တပ်မတော်စစ်ဆေးရုံကြီး ခုတင်(၁၀၀၀) နေပြည်တော်တို့မှာ Cobas 6800 စက်တစ်လုံးစီကို ၂၀၁၉ ခုနှစ်ကပင် တပ်ဆင်ခဲ့ပြီး ဖြစ်ပါသည်။

▪️အထက်ပါတပ်မတော်စစ်ဆေးရုံ(၂)ရုံသို့ လှူဒါန်းခဲ့သော လူအယောက် 1000 စာ ရောဂါရှာဖွေရေးဆေးရည် reagent များကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနထံ လှူဒါန်း ထားသော လူ(၁၁၀၀)စာ reagent နှင့်အတူတူ၊ Cobas 6800 စက်ပါ အပါအဝင် ဧပြီလ 22 ရက်နေ့က ရန်ကုန်မြို့သို့ မနက် (၃:၃၀) နာရီတွင် အတူတူ တစ်ပေါင်းတည်း ရောက်ရှိလာခဲ့ခြင်းဖြစ်ပါသည်။

▪️COVID-19 ရောဂါပိုးစစ်ဆေးနိုင်ရန်အတွက် Roche Myanmar Ltd, AA Medical Products Ltd. ၏ ကျွမ်းကျင်ပညာရှင်များနှင့် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့မှ ပညာရှင်များ ပူးပေါင်းပြီး တပ်မတော်စစ်ဆေးရုံ(၂)ရုံတွင် နဂိုရှိနေပြီးသော Cobas 6800 စက်များကို စက်ပိုင်းဆိုင်ရာ လိုအပ်တဲ့ installation နှင့် ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ခဲ့ကြပြီးနောက် 23.4.2020 ရက်မှာ စမ်းသပ်စစ်ဆေးမှု များ အောင်မြင်စွာ ပြီးစီးခဲ့သည့်အတွက် ယ္ခုအခါ အဆိုပါ စစ်ဆေးရုံများရှိ စက်များမှာ COVID-19 ရောဂါပိုး စမ်းသပ်စစ်ဆေးအတည်ပြုမှုများ ပြုလုပ်ရန် အသင့်ရှိပြီ ဖြစ်ပါသည်။

▪️ဤသို့ နိုင်ငံတကာလေကြောင်းသွားလာရေးများ lock down ပြုလုပ်ခြင်း၊ ကန့်သတ်ခြင်း ရှိနေချိန်တွင် သင်္ကြန်ပိတ်ရက်အတွင်း ဖြစ်စေကာမူ အဆိုပါ COVID-19 automatic ရောဂါရှာဖွေရေး စက်နှင့် reagent (ရောဂါရှာဖွေရေးဆေးရည်)ကို ရန်ကုန်နှင့် နေပြည်တော်သို့ တင်သွင်းသယ်ယူ ပို့ဆောင်ရာတွင် အစစအရာရာ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်အောင် အဖက်ဖက်မှ ကူညီဆောင်ရွက်ပေးပါသော

- ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊

- ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊

- စီမံကိန်း၊ ဘဏ္ဍာရေး၊ စက်မှူဝန်ကြီးဌာန၊

- စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊

- တပ်မတော်ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး၊

- ကရင်ပြည်နယ်အစိုးရအဖွဲ့၊

- မွန်ပြည်နယ်အစိုးရအဖွဲ့၊

- ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊

- ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊

- မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်တကွ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်မိရပ်ဖများ၊

သင်္ကြန်ပိတ်ရက် မရှောင်၊ lock down ရက်များမရှောင် အလုပ်လုပ်ပေးကြပါသော

-AA Medical Products Ltd မှ ဝန်ထမ်းများ၊

-Roche Diagnostics - Global, Asia Pacific, Thailand နှင့် Myanmarမှ ဝန်ထမ်းများ၊

-ဂျာမနီ Frankfurt လေဆိပ်မှစ၍ ရန်ကုန် NHL ဓာတ်ခွဲခန်းထိရောက်အောင် သယ်ဆောင်ပေးပါသော DB Schenker freight forwarding ကုမ္မဏီကို၎င်း ကျေးဇူးအထူးတင်ရှိပါတယ်။

#PacificAAFoundation

#AAMedicalProductsLtd