Fluza မှ” စီစဉ်ကျင်းပသည့် “အအေးမိ ၊တုပ်ကွေး၊ဖျားနာ Fluza ဖြင့်ကာကွယ်ပါ” ခေါင်းစဉ်ဖြင့် Fluza ဟာသဖလား ပြိုင်ပွဲ အား Media များမှတဆင့် အသိပေးခြင်း Press Conference

Fluza မှ” စီစဉ်ကျင်းပသည့် “အအေးမိ ၊တုပ်ကွေး၊ဖျားနာ Fluza ဖြင့်ကာကွယ်ပါ” ခေါင်းစဉ်ဖြင့် Fluza ဟာသဖလား ပြိုင်ပွဲ အား Media များမှတဆင့် အသိပေးခြင်း Press Conference

Fluza မှ” စီစဉ်ကျင်းပသည့် “အအေးမိ ၊တုပ်ကွေး၊ဖျားနာ Fluza ဖြင့်ကာကွယ်ပါ” ခေါင်းစဉ်ဖြင့် Fluza ဟာသဖလား ပြိုင်ပွဲ အား Media များမှတဆင့် အသိပေးခြင်း Press Conference ကို Oct လ 17 ရက် နေ့ တွင် Pacific AA Group ၏ Head Office ဖြစ်သော အမှတ် (၈၁) လှည်းတန်းလမ်း နှင့် အင်းစိန်လမ်းထောင့် တွင်တည်ရှိသည့် Pacific AA Tower မှာ ကျင်းပပြုလုပ်သွားခဲ့ပါသည်။

Press Conference ပွဲကို အကဲဖြတ်ဒိုင် အဖြစ်ပါဝင်ပေးမည့် ဝါရင့်ဟာသလူရွှင်တော်ကြီးများ ၊အနယ်နယ် အရပ်ရပ်မှ လူရွှင်တော် များနှင့် မီဒီယာအသီးသီးမှတက်ရောက်ခဲ့ကြပါသည်။

ပွဲတွင် ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက် ကို OTC Marketing Head-1 ဒေါက်တာဝင်းသိန်း ၊ ပြိုင်ပွဲ အမှတ်ပေးစည်းမျဉ်းအချက်များကို အကဲဖြတ်ဒိုင် တဦးဖြစ်သူ ဝါရင့် လူရွှင်တော် ဟာသသရုပ်ဆောင်ကြီး ဦးဧရာ ၊ ပြိုင်ပွဲယှဉ်ပြိုင်ရမည့်ပုံစံ နှင့် စည်ကမ်းချက်များကို Brand Manager ဒေါက်တာ လွင်ဖြူဖြူမောင် တို့ မှ ပြောကြားသွားခဲ့ပါသည်။

ဒါ့အပြင် ပြိုင်ပွဲအတွက် ရွေးချယ်ထားသော နောက်ဆုံးဆန်ကာတင် အဖွဲ့ ၆ဖွဲ့အား တဖွဲ့စီ မိတ်ဆက်ပေးခဲ့ပြီး ပွဲနေ့ ပြိုင်ပွဲအမှတ်စဉ် အားလည်း မဲနှိုက်ပေးခဲ့ပါသည်။ Fluza ဟာသဖလား ပြိုင်ပွဲကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ (၂၅)ရက်နေ့ ညနေ(၅)နာရီမှ စတင် ကာ ရန််ကုန် မဟာဗန္ဓုလပန်းခြံ ရှေ့တွင် ပြုလုပ်ကျင်းပသွားမှာဖြစ်ပါတယ်။

ထိုပွဲတွင် တက်သစ်စ ဟာသလူရွှင်တော် New Diamond အဖွဲ့၊မဂင်္ံလာမောင် အဖွဲ့၊New Five အဖွဲ့၊ငွေသော်တာအဖွဲ့၊ပြုံးအားမာန် အဖွဲ့၊အလကာင်္ံဟား အဖွဲ့ တို့မှ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဝါရင့်နာမည်ကြီး အကဲဖြတ်ဒိုင်လူကြီးများ ဖြစ်သော လူရွှင်တော် ဦးတိမ်ညွှန့် ၊ဦးဧရာ နှင့် ဦးငြိမ်းချမ်း တို့မှ ပါ၀င် အကဲဖြတ်ရွေးချယ်ကာ ထိုက်ထိုက်တန်တန်ဆုချီးမြှင့်သွားမှာ ဖြစ်ပါသည်။

ပွဲနေ့မှာ ညနေ (၅) နာရီမှ စ ပြီး Channel-K Facebook page နှင့် Channel-K (Free to Air Channel ) မှလည်း တိုက်ရိုက်ပြသပေးသွားမှာလည်းဖြစ်လို့ စောင့်ကြည့်အားပေးနိုင်သလို ပွဲကိုလည်း လာရောက်အားပေးနိုင်ပါကြောင်း Fluza ပရိသတ်ကြီး ရယ်မောပျော်ရွှင်နိုင်ဖို့ သတင်းကောင်းပေးလိုက်ရပါတယ်။

တချိန်တည်းမှာ Fluza ရဲ့ Facebook Page စာမျက်နှာ မှာ ပြိုင်ပွဲဝင် တစ်ဖွဲ့ချင်းစီ ရဲ့ Video များကို တင်ပေးသွားမှာဖြစ်ပြီး မိမိတို့ ကြိုက်နှစ်သက်သည့် အဖွဲ့ နာမည်ကို ထို အဖွဲ့ Video ၏အောက်တွင် Voting အနေ နဲ့ Comment ပေးပြီး အားပေးနိုင်မှာဖြစ်ပါသည်။ ပရိသတ်များ ကိုယ်တိုင် ပါဝင် နိုင်မည့် အစီအစဥ်များလည်း ပါဝင်မှာဖြစ်လို့ Fluza Facebook Page ကို See First လေးလုပ်ထားပြီး စောင့်ကြည့်ပေး ဖို့ စကားပါးအပ်ပါသည်။