သာဓုနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာ

သာဓုနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာ

  • 05-08-2019
  • media
  • donation , Pacific-AA Foundation , Thae Inn Gu Religion Propagation

ပါရမီရှင်သဲအင်းဓမ္မရိပ်သာ၊ ဗောင်းတော်ချုပ်ဘုရားလမ်း၊ တွံတေးမြို့၌ အသစ်တည်ဆောက်မည့် နှစ်ထပ်ရှိသော ဓမ္မဗိမာန်တော်ကြီးတစ်ခုလုံးအတွက် ကုန်ကျစရိတ်အားလုံး သိန်း ၂၅၀၀ ကျပ် အပြင် ပိုမိုကောင်းမွန်စေရန်တွက် နောက်ထပ် သိန်း ၁၅၀၀ ကျပ် (စုစုပေါင်း သိန်း ၄၀၀၀ ကျပ်) ကို

🔹 ဒေါက်တာဇော်မိုးခိုင်+ဒေါက်တာစောနေနွယ် AA Medical Products Ltd (Pacific-AA Foundation) မိသားစု၊ ရန်ကုန်မြို့ နှင့်

🔹 နှစ်ဖက်သောမိဘများအားအမှူးထား၍ ကိုထူးအောင်ကျော်+မခရစ်စတီးနားကိုး Christina Koh မိသားစု၊ စင်္ကာပူ မှ သဒ္ဓါတရားထက်သန်စွာဖြင့် လှူဒါန်းသွားပါသည်။ အလှူရှင်မိသားစုများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်တကွ ပြည့်စုံကြစေပြီးလျှင် မဂ်ဖိုလ်နိဗ္ဗာန်ကို လွယ်ကူသောအကျင့်၊ လျင်မြန်သောဉာဏ်ထူးတို့ဖြင့် ရလွယ်ရောက်လွယ်၊ မျက်မှောက်ပြုလွယ်နိုင်ကြပါစေ။